Connect with us

Politics, Law & Military

အာဇာနည်ခေါင်းဆောင်များအား ရည်စူး၍ နိုင်ငံတော် သမ္မတ နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက သံဃာတော်များအား ဆွမ်း သင်္ကန်းကပ်လှူ


နေပြည်တော်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

(၇၀) ကြိမ်မြောက် အာဇာနည်နေ့တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးလျက် နေပြည်တော်ရှိ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း ၊ သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခြင်းကို နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက နေပြည်တော် ကောင်စီ ဝင်းရှိ ဇမ္ဗူအေးခန်းမဆောင်တွင် ယနေ့နံနက် ၁၀ နာရီ၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးနှင့် ဇနီး၊ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ အသီးသီးတက်ရောက်ခဲ့ကြပြီး ဈေးကုန်း ဆရာတော်ကြီး ချီးမြင့်သည့် ငါးပါးသီလကို ခံယူ ဆောက်တည်ကြကာ ဆရာတော် သံဃာတော်များအား ဆွမ်း သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

(၇၀) ကြိမ်မြောက် အာဇာနည်နေ့တွင် နေပြည်တော် ကောင်စီ၌ နိုင်ငံတော် သမ္မတ ဦးဆောင်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက သံဃာတော်များအား သင်္ကန်းကပ်လှူနေစဉ် (ဆင်ဟွာ)

(၇၀) ကြိမ်မြောက် အာဇာနည်နေ့ တွင် နေပြည်တော် ပျဉ်းမနားမြို့ဒေသခံပြည်သူများ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ အလေးပြုနေစဉ် (ဆင်ဟွာ)

(၇၀) ကြိမ်မြောက် အာဇာနည်နေ့တွင် နေပြည်တော် ကောင်စီ၌ နိုင်ငံတော် သမ္မတ ဦးဆောင်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက သံဃာတော်များအား သင်္ကန်းကပ်လှူနေစဉ် (ဆင်ဟွာ)

(၇၀) ကြိမ်မြောက် အာဇာနည်နေ ့တွင် နေပြည်တော် ပျဉ်းမနားမြို့ ဒေသခံပြည်သူများ မြို့တွင်း လှည့်လည် ချီတက်လာစဉ် (ဆင်ဟွာ)

(၇၀) ကြိမ်မြောက် အာဇာနည်နေ ့တွင် နေပြည်တော် ပျဉ်းမနားမြို့ ဒေသခံပြည်သူများ မြို့တွင်း လှည့်လည် ချီတက်လာစဉ် (ဆင်ဟွာ)

နေပြည်တော် ပျဉ်းမနားမြို့တွင် အနှစ် ၇၀ ပြည့် အာဇာနည်နေ့ လှည့်လည်ချီတက် အလေးပြုပွဲများ ကိုလည်း ဒေသခံပြည်သူများက ဆင်နွှဲခဲ့ကြကြောင်းတွေ့ရသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် နှင့် အခြား အသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများက ယနေ့ နံနက် ၈ း ၃၀ နာရီခန့်ကတည်းက မြို့တွင်း လှည့်လည် ချီတက်ကြကာ ပျဉ်းမနားမြို့မင်္ဂလာ ရှမ်းကန် ထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့တွင် အလေးပြုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.