Connect with us

Politics, Law & Military

မြန်မာနိုင်ငံ အတွက် ဥရောပ သမဂ္ဂမှ ယူရိုသန်‌း ၇၀ ထပ်မံ သုံးစွဲ သွားမည်ဟု ထုတ်ပြန်

မြန်မာနိုင်ငံ၏ ငါးမွေးမြူရေး စီမံကိန်းမှ ထွက်ရှိလာသော ငါးများအနက်အချို့ကိုတွေ့စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အစားအစာနှင်‌့အာဟာရဖူလုံမှုတိုးမြှင်‌့‌ရေး၊ တရားဥပ‌ဒေစိုးမိုးမှုပိုမိုတိုးတက်‌‌စေ‌ရေးနှင်‌့ ငြိမ်‌းချမ်‌း‌ရေး ပြန်လည်တည်ဆောက်ရေး တို့အတွက် ဥ‌ရောပသမဂ္ဂသည် ယူရိုသန်‌း (၇၀) ထပ်မံ သုံးစွဲ ကူညီသွားမည် ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးစီမံကိန်းမှတစ်ဆင့် ဆင်းရဲမှုလျှော့ချရေး၊ အစားအစာနှင့် အာဟာရ ဖူလုံမှု မြှင့်တင်ရေးအတွက် လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အား ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် လည်ကောင်း၊ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် လည်းကောင်း ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံ ရေရှည်တည်တံ့သည့် ငါးမွေးမြူရေးစီမံကိန်း (MYSAP) သည် ဆင်းရဲမှုလျှော့ချရေး၊ အစားအစာနှင့် အာဟာရဖူလုံမှုမြှင့်တင်ရေးအတွက် ယူရိုငွေသန်း ၂ဝ သုံးစွဲရန် ရည်မှန်းထားပြီး MYSAP သည် ရေရှည်တည်တံ့သည့် ရေချိုငါးမွေးမြူရေးနှင့် ဂေဟစနစ်ကို အခြေပြုသည့် လမုသစ်တောများပြန်လည်စိုက်ပျိုးခြင်းအပါအဝင် ကမ်းခြေ ပုစွန်မွေးမြူခြင်း အလေ့အထကိုလည်း ထောက်ပံ့နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ထိုပြင် တရားဥပဒေ စိုးမိုးမှုမြှင့်တင်ရေး နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် သုံးစွဲရန် ယူရိုငွေသန်း ၃ဝ ကို လျာထားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာစံနှုန်းများ၊ အခြေခံ လွတ်လပ်ခွင့်များနှင့် လူ့အခွင့် အရေးများကို လေးစားလိုက်နာသော ထိရောက်ကျွမ်းကျင်သည့် တာဝန်ခံမှု ရှိသော ရဲတပ်ဖွဲ့ဖြစ်လာစေရန် ပြုပြင်ပြောင်းလ ဲသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆက်လက်ပံ့ပိုးသွားရန် ယူရိုငွေ သန်း ၂ဝ ကို ရည်ရွယ်ထားပြီး အပစ်အခတ်ရပ်စဲရေးကို ပူးတွဲ စောင့်ကြပ်ကြည့်ရှုသည့်စနစ်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ ပဋိပက္ခအကျိုးသက် ရောက်မှုခံစားရသည့်နေရာများတွင် လူမှုစီးပွားရေး ပြန်လည်ကောင်းမွန်လာ စေရန်အတွက် ပံ့ပိုးပေးခြင်းဖြင့် အဆိုပါအထောက်အပံ့သည် ရေရှည်တည်တံ့ သည့် စစ်မှန်သောငြိမ်းချမ်းရေး၊ လုံခြုံမှုနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေး တို့ကို ပံ့ပိုးကူူညီသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)