Connect with us

Politics, Law & Military

မြန်မာ-ဆားဘီးယား နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တို့တွေ့ဆုံစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic တို့တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးစွာ ထိတွေ့ဆက်ဆံခဲ့သည့် သမိုင်းကြောင်း နှင့်အညီ နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ထောင်ထားရှိသည့် နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲများ ပုံမှန် ကျင်းပသွားရေး၊ နိုင်ငံတကာ မျက်နှာစာ၌ နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့် သတင်းမီဒီယာ ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic အား ဇန်နဝါရီ ၂၉ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.