Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း မြေပြင်တွင် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်နေဟုဆို

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း မြေပြင်တွင် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်နေကြာင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြေပြင်တွင် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်နေကြကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရရှိသည့်အတွေ့အကြုံ များမှ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖော်ထုတ်လာနိုင်ကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်၊ IDP စခန်းများ ပိတ်သိမ်းရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကဏ္ဍများသည် အရေးကြီးသော လုပ်ငန်းများဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အတူ လူမှုသဟဇာတဖြစ်ရေး(Social Cohesion) သည် အရေးကြီးကြောင်း၊ ထိုကဏ္ဍများတွင် အမှန်တကယ် တိုးတက်ပြောင်းလဲနေမှုများ ရရှိအောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဆောင်ရွက်သည့်အခါတွင် ထိရောက်သော ရလဒ်များ ရရှိရေးအတွက် Target များ ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပမှ တုံ့ပြန်မှုများကိုလည်း အလေးထားရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြည်နယ်အစိုးရမှ ရေးဆွဲထားသော လုပ်ငန်း အစီအစဉ်များနှင့် လိုက်လျောညီထွေရှိရန် လိုအပ်ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် အခြေအနေများကို သိမ်သိမ်မွေ့မွေ့ဖြင့် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်း စီမံချက်များကို ထိရောက်စွာ ဆောင်ရွက်လျှင် တိုးတက်မှု အခြေအနေများကို တိတိကျကျ ခိုင်ခိုင်မာမာ ဖော်ပြနိုင်မည်ဖြစ်ပြီး ဆောင်ရွက်မှုများ ပိုမိုပေါ်လွင်နိုင်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းစီမံချက်များအပေါ် သုံးသပ်ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.