Connect with us

Politics, Law & Military

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေးနေကြစဉ်(Ministry of Foreign Affairs Myanmar)

နေပြည်တော် ၊ မေ ၂၆ ရက်(ဆင်ဟွာ)

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Vu Hong Nam ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့မေ ၂၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်သည့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ၊ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးသည် ဗီယက်နမ်နိုင်ငံ ၊ ဒုတိယဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖန်ဘင်မင်း ၏ အထူး ကိုယ်စားလှယ် အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၉)ကြိမ်မြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေး ဖိတ်ကြားစာကိုလည်း ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ဗီယက်နမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် မတွေ့ဆုံမီ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.