Connect with us

Politics, Law & Military

ရန်ကုန် တိုင်းဒေသကြီးတွင် ကားတင်သွင်းခွင့် ရပ်နားထားသည့် အတွက် ကားဈေးတက်

ရန်ကုန်မြို့တွင် ကားများ သွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီးတွင် ကားပါကင် အခက်အခဲကြောင့် ကားတင်သွင်းခွင့်အား ရပ်နားထားသည့် အတွက် ကားဈေးနှုန်း ၁၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ် ရောင်းချသူများအသင်း မှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ဒေါက်တာစိုးထွန်းက “ ရန်ကုန် တိုင်းဒေသကြီးမှာ လောလောဆယ် ကားတင်သွင်းခွင့် ပိတ်ထားတယ်။ ကားပါကင် ကိစ္စနဲ့ပက်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျွန်တော်တို့ အသင်းကို အကြံဉာဏ် တောင်းတယ်။ ကျွန်တော်တို့လည်း အကြံဉာဏ်တွေ ပေးသွားဖို့ ရှိပါတယ်’’ ဟု ပြောသည်။
လက်ရှိတွင် ရေတို၊ ရေရှည် စီမံကိန်းများဖြင့် စဉ်းစားလျက် ရှိကြောင်း၊ ကားမော်ဒယ် အလိုက်သာ စီးနင်းခွင့် ပြုသင့်မပြုသင့် စသည့် အချက်များ အပါအဝင် ဖြစ်နိုင်ချေရှိသည့် အချက်များအား စဉ်းစားလျက် ရှိကြောင်း သိရသည်။
အသင်းအနေဖြင့် အဆိုပါ ကားပါကင်ကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးသို့ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.