Connect with us

Politics, Law & Military

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်းဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း ကင်းလှည့်နေမှုအား (MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၆) မှ (၄၇) ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီအချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၁)၊ အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံးမှ ရဲအုပ် ဇော်လင်းအောင် ဦးစီးသည့် တပ်ဖွဲ့ဝင်(၂၀)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Jaruliachari ကင်းစခန်းမှ Naib Subedar Md. Abdul Hannan ဦးစီး(၁၅)ဦး၊ စကားပြန်/လမ်းပြ(၃)ဦး တို့သည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ ၁၁ နာရီ ၃၅ မိနစ်အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၃)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တောင်ပြို(ယာ)နယ်မြေရဲစခန်းမှ ဒုတိယရဲမှူး အောင်မျိုးဇော်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်(၁၅)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) BGB တပ်ရင်း Ghumdhum ကင်းစခန်းမှ Naib Subedar Md. Ragfiqul Islam ဦးစီး(၁၅)ဦး၊ စကားပြန်/လမ်းပြ(၁)ဦးတို့သည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၃၁) မှ (၃၄) ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.