Connect with us

Politics, Law & Military

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တူမီးသေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တူမီးသေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက်နေ့ ၁၆း၃၀နာရီ အချိန် ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ လှိုင်နားကျေးရွာ၊ အောင်မင်္ဂလာလမ်းထိပ်၌ စောကျော်နိုင်(ခ) စောမိုးသက် အားရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၃ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၈း၀၀နာရီအချိန် ဘားအံမြို့နယ်၊ လှိုင်နားကျေးရွာနေ စောမျိုးအောင်နှင့် မနန်းခင်မြမိုးတို့၏ နေအိမ်ကိုရှာဖွေရာ စောမျိုးအောင်၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ပြားနှင့် တူမီးသေနတ်တစ်လက် တို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် စောကျော်နိုင်(ခ)စောမိုးသက်(၄၇)နှစ်၊ စောမျိုး‌အောင်(၅၂)နှစ်နှင့် မနန်းခင်မြမိုး(၄၁)နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.