Connect with us

Politics, Law & Military

မြန်မာ-အိုင်ယာလန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်(MOFA)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မြန်မာ-အိုင်ယာလန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီး H.E. Mr. Joseph Anthony Cotter တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် မြန်မာ-အိုင်ယာလန် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ရခိုင်ပြည်နယ်၏ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အသစ်ခန့်အပ်ခြင်းခံရသော မြန်မာနိုင်ငံဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီး H.E. Mr. Joseph Anthony Cotter အား ၂၀၁၉ ခုနှစ်၊ ဧပြီလ ၈ ရက် ၊ ၁၁၁၅ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.