Connect with us

Politics, Law & Military

မှတ်တိုင်၌ မရပ်သော ဘတ်(စ်)ကားများ ထိရောက်စွာအရေးယူမည်

ကရင်တိုင်ရင်သားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မှတ်တိုင်၌ မရပ်သော ဘတ်(စ်)ကားများ၊ ဘတ်(စ်)ကား မှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော Taxiနှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဟု ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၏ “လှိုင်သာယာမြို့နယ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိနေပါသဖြင့် Bus မှတ်တိုင်နှင့် ယာဉ်ရပ်ရန် နေရာသတ်မှတ်တည်ဆောက်ပေးရန်နှင့် သတ်မှတ်နေရာများတွင် ယာဉ်များရပ်နားရေးအတွက် စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ” မေးခွန်းနှင့် ပတ်သက်၍ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်၏ ကိုယ်စားကရင်တိုင်းရင်သားလူမျိုးရေးရာဝန်ကြီးက အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

” YBS စနစ်အကောင်အထည်ဖော်ခြင်း ဒုတိယနှစ်တွင် ဘတ်(စ်)ကားမှတ်တိုင်များ၊ ယာဉ်ရပ်နားရန်နေရာများကို ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင့်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မှတ်တိုင်တွင်မရပ်သော ဘတ်(စ်)ကားများ၊ဘတ်(စ်)ကားမှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော Taxiနှင့် ကိုယ်ပိုင်ကားများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်” ဟု ဝန်ကြီးကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.