Connect with us

Politics, Law & Military

JMC အဆင့်ဆင့်၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကျင်းပ

JMC အဆင့်ဆင့်၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ- JMC)

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (JMC Conference) ကို ယနေ့ ရန်ကုန်မြို့၌ စတင်ကျင်းပလျက် ရှိကြောင်း သိရသည်။

အဆိုပါ မျက်နှာစုံညီ အစည်းအဝေးကို မေလ ၈ ရက်မှ ၉ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း JMC အဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်ချက် အသေးစိတ် အခြေအနေများကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီများကို ပြည်ထောင်စုအဆင့် (JMC-U)၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် (JMC-S) နှင့် ဒေသဆိုင်ရာအဆင့် (JMC-L) ဟူ၍ အသီးသီး ဖွဲ့စည်းထားနိုင်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) များကို ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းထားပါသည်။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) များကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့တို့တွင် ဖွဲ့စည်းထားရှိခဲ့ကြောင်း သိရသည်။

ယနေ့ အစည်းအဝေးသို့ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ JMC အဆင့်ဆင့်၏ နည်းပညာအထောက်အကူပြုရုံး အဖွဲ့ဝင်များ ၊JMC အဆင့်ဆင့်မှ အဖွဲ့ဝင်များ၊ နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်များအပြင် ဖိတ်ကြားထားသည့် ရန်ကုန်အခြေစိုက် နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ NGO / INGO များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.