Connect with us

Politics, Law & Military

၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အိမ်၊ခြံ၊မြေ၊တိုက်ခန်းစံနှုန်းများပြန်လည်ပြင်ဆင်သွားမည်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အိမ်၊ခြံ၊မြေ၊တိုက်ခန်းစံနှုန်းများအားယခုနှစ်မေလအတွင်း စိစစ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ရန်ကုန်တိုင်းအတွင်း ဒေသပေါက်ဈေးနှင့် ညီညွတ်မှုမရှိသော အိမ်ခြံမြေတိုက်ခန်း ကာလတန်ဖိုး စိစစ်ခြင်းများကို ပြည်သူလူထု တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန်များ ထမ်းဆောင်မှု အဆင်ပြေစေရန် အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“စံနှုန်းများသတ်မှတ်ပြီးတော့ သက်ဆိုင်ရာဘဏ္ဍာရေးနှစ် ကာလအတွင်းမှာ ကာလအလိုက် ဈေးကွက်တွေ ဖြစ်ပေါ်တဲ့ ဈေးနှုန်းအပြောင်းအလဲများကိုတော့ ပြင်ဆင်ပေးနိုင်ခြင်း မရှိဘဲနဲ့ နှစ်အလိုက် ပုံမှန်ပြင်ဆင်သတ်မှတ် ဆောင်ရွက်ပေးလျှက် ရှိပါတယ်။ တိုင်းဒေသကြီးကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ကနေ သတ်မှတ်ပေးတဲ့ စံနှုန်းများအရ ပြည်ထောင်စုလွှတ်တော်ကနေ နှစ်စဉ်ပြဌာန်းပေးလျှက်ရှိတဲ့ ပြည်ထောင်စု အခွန်အကောက်ဥပဒေမှာ သတ်မှတ်ထားတဲ့ နှုန်းထားများဖြစ်တဲ့ ဝင်ငွေခွန်နှုန်းထားများ၊ တံဆိပ်ခေါင်းခွန်နှုန်းထားများအရ အခွန်များကို ပေးဆောင်ရတာ ဖြစ်ပါတယ်။ အိမ်ခြံမြေတိုက်ခန်းစံနှုန်းများကိုတော့ ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၈ ခုနှစ်၊ မေလအတွင်းမှာ စိစစ်ပြီးတော့ ပြန်လည်ပြင်ဆင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ပြန်လည်ပြီး ပြင်ဆင်သွားမှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။’’ဟု ဝန်ကြီးဦးမြင့်သောင်းက ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း ကာလတန်ဖိုးများအား စိစစ်သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက်၊ ရပ်ကွက်များအလိုက်၊ လမ်းများအလိုက် ဘဏ္ဍာရေးနှစ်အစတွင် ဖြစ်ပေါ်နေသည့် ဒေသဆိုင်ရာ ပေါက်ဈေးဖြစ်သည့် တက်ဈေး၊ကျဈေးနှင့် အနီးစပ်ဆုံး ဖြစ်စေရန် ပြင်ဆင်ပြီး သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

“ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးများ

များမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိတဲ့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ လည်းကောင်း၊ အိမ်ခြံမြေကာလပေါက်ဈေးနဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက်များ ရယူပေးပြီးတော့ ရန်ကုန်တိုင်းဒေသကြီးမှာ မြေအဆောက်အအုံ၊ စက်ရုံ၊ အလုပ်ရုံ တန်ဖိုးစိစစ်ရေးအဖွဲ့လည်း ရှိပါတယ်။ ဒီအဖွဲ့ကနေပြီးတော့ ရန်ကုန်တိုင်းဒေဟသကြီးမှာ မြေအဆောက်အအုံကို စိစစ်တဲ့အဖွဲ့ထဲမှာ ဆိုရင် စည်ပင်သာယာရေးကော်မတီရဲ့ ကိုယ်စားလှယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ကိုယ်စားလှယ် ၊မြေစာရင်းနဲ့ မြေယာဌာနကိုယ်စားလှယ်များ စတဲ့ ဌာနကြီး(၁၁)ခု ကကိုယ်စားလှယ်များနဲ့ ညှိနှိုင်းဆုံးဖြတ်ပြီးတော့မှ အိမ်ခြံမြေများရဲ့ ဈေးနှုန်းများကို သတ်မှတ်ပြီးတော့ ဒီစံနှုန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးတော့ အတည်ပြုဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။’’ဟု ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.