Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် တုတ်၊ဓားလက်နက်များဖြင့် ဝင်ရောက်တိုက်ခိုက်ခံရ

မောင်တောခရိုင် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုနယ်မြေအတွင်း ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရနယ်မြေစခန်းများ တိုက်ခိုက်ခံရမှု ဖြစ်စဉ်ပြမြေပုံ(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သတ်ပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် တုတ်၊ ဓားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ခံရကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးမှ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာဝန်းကျင်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်မှနယ်မြေရှင်းလင်းစဉ် အောက်တိုဘာ ၁၀ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာအနီး ကွမ်းခြံအတွင်းမှ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၂ဝ ဦးခန့်က တုတ်၊ ဓားလက်နက် များဖြင့် ရုတ်တရက် တိုက်ခိုက်လာမှုကြောင့် တပ်မတော်မှပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ယင်းပြန်လည် ပစ်ခတ်ရှင်းလင်းမှုကြောင့် အကြမ်းဖက်တိုက်ခိုက်သော အဖွဲ့များ ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အလောင်း လေးလောင်းနှင့် ၎င်းတို့ ကိုင်ဆောင ်တိုက်ခိုက်ခဲ့သော လုပ်သေနတ် တစ်လက်၊ ကျည်သုံးတောင့်နှင့် ဓားတစ်လက်တို့ကို သိမ်းဆည်း ရမိခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်း(၃)ခုကို အောက်တိုဘာ ၉ ရက်နံနက်ပိုင်းက အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များအနက် ပျောက်ဆုံး ခဲ့သော ရဲတပ်သားတစ်ဦးနှင့် လက်နက်တစ်လက်တို့ကို သီးခြားစီပြန် လည် တွေ့ရှိခဲ့သည်။

ရခိုင်ပြည်နယ်နှင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေမှန်များ သိရှိနိုင်ရန်နှင့် တည်ငြိမ်အေးချမ်းမှုရရှိစေရန်အတွက် ရှင်းလင်းပြောကြားရန် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သည့် အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.