Connect with us

Politics, Law & Military

မောင်တောခရိုင်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်းများ ရက် အကန့်အသတ်မရှိ ပိတ်

မောင်တောခရိုင် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုနယ်မြေအတွင်း ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရနယ်မြေစခန်းများ တိုက်ခိုက်ခံရမှု ဖြစ်စဉ်ပြမြေပုံ(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်းများ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ယနေ့ ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ ကျောင်းပေါင်း ၃၉၀ခန့် ကို ယနေ့စတင်ပိတ်လိုက်ပြီး စာသင်ကျောင်းများ ရှိ ဆရာ/ဆရာမများကို လုံခြုံသော နေရာတွင် စုထားကြောင်း ၎င်းက ဆိုသည်။“ကျောင်းဖွင့်ရာသီကြီးမှာ ပိတ်ရတယ်ဆိုတာ အခြေအနေကြောင့် ပိတ်လိုက်ရတာ၊ အခြေအနေပေါ်မူတည်ပြီး ဖွင့်ဖို့ ကြည့်ရမယ်၊ ဆရာတွေ ပြန်ဖို့ကလဲ လမ်းကြောင်းမရှင်းသေးဘူး၊ လမ်းကြောင်းတွေ ရှင်းမှ ပြန်ကြမယ်”ဟု ဦးအောင်ကျော်ထွန်းက ပြောသည်။ရခိုင်ပြည်နယ် မောင်တောခရိုင် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုနယ်မြေအတွင်း ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရနယ်မြေစခန်းများကို အောက်တိုဘာ ၉ရက်နေ့ နံနက် ၁နာရီခွဲခန့်က အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၉ဦးကျဆုံး၊ ၄ဦးဒဏ်ရာရရှိ၍ လက်နက်မျိုးစုံ ၅၁လက်နှင့် ကျည်မျိုးစုံ အတောင့် ၁ဝ၁၄ဝ၊ လှံစွပ် တစ်ခု၊ ကျည်အိမ် ၂၇ ခု ဆုံးရှုံးသွားခဲ့သည်။အဆိုပါ မောင်တောခရိုင်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အောက်တိုဘာ ၉ ရက်နေ့မှစပြီး လူငါးဦးထက် ပို မစုဝေးရ အမိန့်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်များ ထုတ်ပြန်ကြေညာထားသည်။မောင်တောရှိ နယ်ခြားစောင့်စခန်း သုံးခု စီနင်းတိုက်ခိုက်ခံရမှု မြေပြင်အခြေအနေကို စစ်ဆေးရန် ယနေ့ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး တို့ စစ်တွေမြို့သို့ ရောက်ရှိလျက်ရှိသည်။(Xinhua)