Politics, Law & Military
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြောင့် ၄၃ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄၃ဦး သေဆုံးခဲ့ ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ သိရသည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့အထိ သတ်ဖြတ်ခံရမှုကြောင့် ၄၃ဦး သေဆုံးကာ အကြမ်းဖက်သူများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ ပြည်သူ ၂၆ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ယင်းမကျောင်းတောင်ရွာထိပ်၌ ဇွန် ၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် အမည်မသိလူ (၁၀) ဦးခန့်မှ ဒေသခံလူနှစ်ဦးအား ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
အသတ်ခံခဲ့ရသော မောင်တောဒေသခံများသည် ဓားဖြင့် တိုက်ခိုက်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)