Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စများ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးတို့ ဆွေးနွေးစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်-မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Paul R. Seger အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ဆွစ်ဇာလန်နိုင်ငံက ပါဝင်ကူညီ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များလည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်း တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးနှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာနအကြီးအကဲ Mr. Thieny Umbehr နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.