Connect with us

Politics, Law & Military

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်

နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း ကင်းလှည့်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်လျက်ရှိကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက မေ ၁၀ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။

နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၃ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၅၀ မှ နံနက် ၁၁ နာရီ မိနစ် ၅၀ ထိ နယ်ခြားမှတ်တိုင် ၃၁ မှ ၃၂ အထိလည်းကောင်း၊ မေလ ၆ ရက်နေ့ နံနက် ၁၀နာရီ ၁၀ မိနစ် မှ နံနက် ၁၁ နာရီ မိနစ် ၄၀ အထိ နယ်ခြားမှတ်တိုင် ၃၂ မှ ၃၄ အထိလည်းကောင်း၊ နံနက် ၁၀နာရီ မိနစ်၅၀ မှ မွန်းလွဲ ၁ နာရီ ၁၀ မိနစ် အထိ နယ်ခြားမှတ်တိုင် ၄၂ မှ ၄၃ အထိလည်းကောင်း ၊ မေလ ၈ ရက်နေ့ နံနက် ၉ နာရီ ခွဲမှ နံနက် ၁၁ နာရီ ၄၅ မိနစ် အထိ နယ်ခြားမှတ်တိုင် ၃၄ မှ ၃၅ အထိလည်းကောင်း၊ မေလ ၉ ရက်နေ့ နံနက် ၈ နာရီ မှ နံနက် ၁၁ နာရီ မိနစ် ၅၀ အထိ နယ်ခြားမှတ်တိုင် ၄၃ မှ ၄၄အထိလည်းကောင်း မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ တွင် ၁၄ ကြိမ် ၊ မတ်လတွင် ၇ ကြိမ် ၊မေလတွင် ၅ ကြိမ် စုစုပေါင်း (၂၆ )ကြိမ် နှင့် ရေကြောင်းကင်းလှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း (၄ )ကြိမ် နှစ်နိုင်ငံညှိနှိုင်း၍ ကင်းလှည့်ခြင်း Coordinated Patrol ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)