Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်း တိုက်ခိုက်ခံရ 

ရခိုင်ပြည်နယ် မင်းပြားမြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းသည် ယနေ့ မတ် ၂၃ ရက် နံနက် ၆နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ခတ်တိုက်ခိုက်ခံရပြီး တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ သင်တန်းကျောင်းအား နေရာ လေးနေရာမှနေ၍  AA လက်နက်ကိုင်အဖွဲ့မှ အင်အားသုံး တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ကျောင်းဌာနချုပ်အနေနှင့် တပ်ပတ်လည်ခံစနစ်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း နှစ်ဘက်အပြန်အလှန် တိုက်ခိုက်မှုကြောင့် AA လက်နက်ကိုင်အဖွဲ့မှ ထိခိုက်/ကျရှုံးမှုများရှိခဲ့ကြောင်း၊ အဆိုပါ ထိတွေ့မှုကြောင့် AA လက်နက်ကိုင်အဖွဲ့သည် အလောင်းနှင့် လက်နက်အချို့အား မယူဆောင်နိုင်ဘဲ နံနက် ၁၁ နာရီကျော်တွင် ဆုတ်ခွာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။တပ်မတော်အနေဖြင့် AA လက်နက်ကိုင်အဖွဲ့အား ဆက်လက်ပြီးနယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.