Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်တို့တွေ့ဆုံဆွေးနွေးစဉ် (MOFA)

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် UNDP ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xuတို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးစဉ် မြန်မာအစိုးရ၏ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့တွင် UNDP မှ ဆက်လက်ကူညီပံ့ပိုးရေး၊ မြန်မာနိုင်ငံအစိုးရ၊ UNDP နှင့် UNHCR တို့အကြား ၆-၆-၂၀၁၈ ရက်က လက်မှတ်ရေးထိုးခဲ့သည့် MoU အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် ဖြစ်ပေါ်တိုးတက်မှုများအား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်နှင့် UNDP ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xu နှင့် အဖွဲ့အား ဒီဇင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.