Connect with us

Politics, Law & Military

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး အနေဖြင့်မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ သဘောထားထုတ်ပြန်ကြေညာချက်အားကြိုဆိုကြောင်း ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဖြစ်သည့် MNDAA၊TNLA နှင့် AAအဖွဲ့(၃)ဖွဲ့တို့၏၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် သဘောထားထုတ်ပြန်ကြေညာချက်အား ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ တော်ဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး အနေဖြင့်ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ ၏ သဘောထားထုတ်ပြန်ကြေညာချက်ထဲတွင်မျက်မှောက် တွင်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်တစ်နိုင်ငံလုံးငြိမ်းချမ်းရေးကိုအကောင် အထည်ဖော်ဆောင်ရွက်ရန် အပြုသဘောဆောင်သည့်ကြိုးပမ်းမှု ကိုကြိုဆိုထောက်ခံပါ ကြောင်း၊နိုင်ငံတော်အစိုးရနှင့်တပ်မတော်တို့နှင့်အတူ လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခနှင့်နိုင်ငံရေး ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုများ မှတဆင့် ဖြေရှင်းနိုင်ရန် ဆန္ဒရှိပါကြောင်း၊ငြိမ်းချမ်းရေး အားဆောလျင်စွာဖော်ဆောင်နိုင်ရန် နှင့် ကောင်းမွန်သောငြိမ်းချမ်းရေးအခင်းအကျင်းကိုဖန်တီးနိုင်ရန်

အတွက်ဤအဖွဲ့(၃)ဖွဲ့တို့သည်စစ်ရေးဆိုင်ရာဆောင်ရွက်မှုများကို ဦးစွာ ရပ်တန့်ပြီး စစ်ရေးနည်းလမ်း မှအပနိုင်ငံရေးနည်းလမ်း အရဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း ဖော်ပြထားသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးကသဘောထားကြေညာရာတွင်လည်း မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ ၏ သဘောထားထုတ်ပြန်ကြေညာချက်အပေါ်မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင် (PC)က အပြုသဘော ဆောင်သည့်တုံ့ပြန်ချက်ပေးခဲ့ပါကြောင်း၊ အထက်ပါ သဘောထားထုတ်ပြန်ကြေညာချက်သည် မြန်မာနိုင်ငံ သက်ဆိုင်သောအဘက်ဘက်က ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးမှုများ မှတစ်ဆင့်သက်ဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်ရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးကို အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက်ကောင်းမွန်သောအခင်းအကျင်းကိုဖန်တီးနိုင်ရန် မျှော်လင့်ပြီးယုံကြည်ထားကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တရုတ်နိုင်ငံက အစဉ်တစိုက်ရပ်တည်ပေး လျက်ကြောင်း၊ မြန်မာနိုင်ငံ၏လိုအပ်ချက်အရ တတ်နိုင်သမျှ ဆက်လက်ကူညီထောက်ပံ့ရန် ဆန္ဒရှိပါကြောင်း ဖြင့်ဖော်ပြခဲ့သည် ။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.