Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပါအဝင် ရေရှည်ဖြေရှင်းချက်များ အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မှ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးစဉ်( ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပါအဝင် ရေရှည်ဖြေရှင်းချက်များ အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒီုးနားဟိုတယ်၌ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အခြေအနေများသည် ရှုပ်ထွေးပြီး ကာလရှည်ကြာဖြစ်ပွားနေသော ကိစ္စများဖြစ်ပြီး အဆိုပါ ကိစ္စများကို အချိန်ယူဖြေရှင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော အခြေအနေများကို ဖြေရှင်းရာ၌ အပြန်အလှန်ယုံကြည်မှု၊ စိတ်အားထက်သန်မှုများဖြင့် ဖြေရှင်းရန် စိတ်ပိုင်းဖြတ်မှုများလည်း လိုအပ်ကြောင်း အာဆီယံနိုင်ငံဝန်ကြီးများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် အပါအဝင် မည်သည်နည်းလမ်းများဖြင့် အကောင်းဆုံး ကူညီဆောင်ရွက်သွားမည်ကို အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများနှင့် အပြုသဘောဆောင်ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်က ထိခိုက်ခံစားခဲ့ရသော အသိုင်းအဝိုင်းအားလုံး၏ အကျိုးအတွက် ဖြစ်နိုင်ခြေများ၊ ရေရှည်ဖြေရှင်းချက်များကို မြန်မာနိုင်ငံက ရှာဖွေရာမှာ အာဆီယံအနေဖြင့် မည်သို့အကောင်းဆုံး ကူညီပံ့ပိုးနိုင်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မှ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့်ဖြစ်ပေါ် တိုးတက်မှုများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်း ဆွေးနွေးပွဲသို့ ဘရှုနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးရာဝန်ကြီးနှင့် ကုန်သွယ်ရေးဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး၊ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး၊ စင်ကာပူနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ဆွေးနွေးကြသည်

မြန်မာနိုင်ငံ၏ အဆိုပြုချက်အရ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.