Connect with us

Politics, Law & Military

မူးယစ်ဆေးစွဲသူကို ကုသသည့် မက်သဒုန်းအစား တိုင်းရင်းဆေးကို သုံးရန် သုတေသန လုပ်ငန်း အမြန် စမည်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မူးယစ်ဆေးစွဲ ဝေဒနာရှင်အား ကုသရာတွင် လက်ရှိ အသုံးပြုနေသည့် မက်သာဒုန်းဆေးအစား တိုင်းရင်း ဆေးဝါး အခြေခံသည့် မူးယစ်ဖြတ်ဆေးများကို အစားထိုး အသုံးပြုနိုင်ရန် သုတေသန လုပ်ငန်းများ အမြန် စတင် မည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“သုတေသန လုပ်ငန်းကို အမြန်ဆုံး လုပ်မယ်၊ အရမ်း လုပ်လို့တော့ မရဘူး၊ အဆင့် သုံးဆင့် အနည်းဆုံး လုပ်ရ မယ်၊ အဆင့် သုံးမှာ ဆိုရင် လူ ၁၀၀ ကနေ တစ်ထောင်နဲ့လုပ်ရမယ်၊ လုပ်တဲ့အခါ လူနာရွေးရာမှာ ကြုံရာ ကျပန်း လုပ်လို့မရဘူး၊ မဲနှိုက်ပြီး အုပ်စုတွေ ဖွဲ့ပြီး လုပ်ရမယ်၊ သိပ္ပံနည်းကျကျ လုပ်ပြီးမှ ရလာတဲ့ အဖြေ ___ ဥပမာ ယာကဲ (Yeke) ဆိုပါတော့ ယာခဲကို သုံးရင် အန္တရာယ် မရှိဘူး၊ လောလောဆယ်မှာရော နောက် သုံး လေး နှစ် မှာပါ အန္တရာယ် မရှိနိုင်ဘူးဆိုတာ သေချာအောင် လုပ်ရမယ်၊ နောက်တစ်ခုက အဲဒီ ယာကဲကို ဂရမ် ဘယ် လောက် သုံးမလဲ၊ တစ်နေ့ဘယ်နှစ်ကြိမ် သုံးမလဲ ဆိုတာတွေလည်း လုပ်ရမယ်၊ တိုင်းရင်းဆေး လောက ကြီး တိုးတက်ဖို့ဆိုတာ သုတေသန လုပ်ငန်းမရှိဘဲ လုပ်လို့မရဘူး။ အခု အစားထိုးမယ့် တိုင်းရင်းဆေးက ကျွန် တော် သိသလောက်တော့ ယာကဲ(Yeke) ရှိတယ်၊ နောက်ထပ်လဲ ဘာတွေ ရှိနိုင်လဲ ရှာရမယ်၊ သုတေသန ကာလ က အနည်းဆုံးတော့ နှစ်နှစ်လောက်ကြာမယ်လို့လျာထားပါတယ်၊ ဒါဆိုရင် မက်သာဒုန်းနေရာမှာ နှစ်နှစ်ကျော် သုံးနှစ်လောက်မှာ တိုင်းရင်း ဆေးကို အစားထိုး သုံးနိုင်မယ်”ဟု ၎င်းက ပြောခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သန်း ထွန်း (ကန်တုန်)၏ “မူးယစ်ဆေးစွဲ ဝေဒနာရှင် ကုသမှုတွင် မက်သဒုန်း (Methadone)ဆေးအစား တိုင်းရင်း ဆေးဝါး အခြေခံ သည့် မူးယစ်ဖြတ်ဆေးများ စီစဉ် ထုတ်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ” ဟူသည်ု မေးခွန်းကို ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယာကဲဆိုတာက ရှမ်းပြည်နယ်မှာ မူးယစ်ဆေးစွဲသူတွေကို ဆေးဖြတ်တဲ့အခါ သုံးတဲ့ ဒေသသုံး တိုင်းရင်း ဆေးဝါး တစ်မျိုးပါ၊ အလားတူပဲ ကချင်ပြည်နယ်မှာလည်း မရှော့တို့၊ ခန်းတောက်တို့၊ မဂျစ်ဥ တို့လို ဒေသသုံး အဆိတ်အတောက် ဖြေဆေးတွေ ရှိနေပါတယ်၊ တကယ်တော့ မက်သာဒုန်းကလည်း မူးယစ်ဆေး တစ်မျိုးပါပဲ။ ဘိန်းဖြူစွဲသူကို မက်သာဒုန်းနဲ့ကုပြီး အဲဒီမက်သာဒုန်းကို ဆက်စွဲသွားတာမျိုးလည်း ရှိတယ်၊ ဒါကြောင့် သူ့အစား တိုင်းရင်း ဆေးဝါးတစ်မျိုးမျိုးနဲ့ ကုနိုင်ဖို့အစီအစဉ် ရှိမ ရှိ ကျွန်တော်က မေးတာပါ” ဟု မေးခွန်းရှင် ဒေါက်တာ ကျော်သန်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။

မူးယစ်ဆေး စွဲသူကို မက်သာဒုန်းကဲ့သို့တည်ဆောက်ဓာတုပစ္စည်း (Synthetic Chemical Drugs) များဖြင့် ဆေးဖြတ် ကုသပေးရာတွင် ခန္ဓာကိုယ်က ၎င်းဓာတု ပစ္စည်းကို ထပ်မံ စွဲလမ်းသွားစေကြောင်း၊ ဆေးပညာ ပါရဂူများ၏ အဆိုအရ သဘာ၀ အပင်ထွက် ဆေးပစ္စည်းများဖြင့် ကုသခြင်းသည်သာ အန္တရာယ်ကင်းပြီး ဆေးမစွဲနိုင်ကြောင်း ၎င်းက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.