Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခု ဆောင်ရွက်ခွင့်ပြုထားဟုဆို

ရခိုင်ပြည်နယ်၌ လမ်းဖောက်လုပ်မှုအား တွေ့ရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စီးပွားရေးနှင့် လူမှုရေးဖွံ့ ဖြိုးတိုးတက်ပြီး ဒေသခံပြည်သူများ ပိုမိုအကျိုးခံစားခွင့် ရရှိနိုင်စေရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခု ဆောင်ရွက် ခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းခြောက်ခု၊ ဆောက်လုပ်ရေးလုပ်ငန်း နှစ်ခု၊ ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ၁၁ ခု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ သတ္တုတူးဖော်ရေးလုပ်ငန်းတစ်ခု၊ စွမ်းအင် လုပ်ငန်း ၂၇ ခု၊ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခု ဆောင်ရွက် ခွင့်ပြု နိုင်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူဒေသ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်မှုအတွက် စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးဆိုင်ရာ တာဝန်ခံမှု (Corporate Social Responsibility -CSR) ဆောင်ရွက်ပေးမှုများအနေဖြင့် ရင်းနှီးမြှုပ်နှံမည့် သူများက ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၅၀ အတွက် လှည့်ပတ်ရန်ပုံငွေ တစ်ရွာလျှင် ကျပ်ငွေကျပ်သိန်း ၃၀၀ မတည်ပေးခြင်း၊ Caterpillar Company နှင့် ပူးပေါင်း၍ စက်ကြီးမောင်းသင်တန်း ဖွင့်လှစ်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်းရှိ ပညာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍတွင် ရွှေစီမံကိန်းမှ ကျပ်ငွေကျပ် သိန်းပေါင်း ၇၆၂၉ ဒသမ ၀၇ နှင့် အရှေ့တောင်အာရှရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းက အမေရိကန်ဒေါ်လာ ၈၇၆၂၅၇ ဒသမ ၆၅ ဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ၂၀၁၇ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလ အတွင်း အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်း ပျက်စီးသွားသောလမ်း၊ တံတားများ ပြုပြင်ခြင်း၊ မြေလမ်း၊ ကျောက်လမ်း၊ ကွန်ကရစ်လမ်းများ ဖောက်လုပ်ခြင်း၊ ကွန်ကရစ်တံတားများ တည်ဆောက်ခြင်း၊ ရဟတ်ယာဉ်ကွင်း တည်ဆောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တံတားအစင်း ၂၀ ဆောက်လုပ်ခြင်း နှင့်မေယုတောင်ကျော်လမ်းအသစ်နှစ်လမ်း ဖောက်လုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.