Politics, Law & Military
ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ပိတ်ထားရသော အခြေခံပညာကျောင်း ၂၈၃ကျောင်း ပြန်လည် ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ပိတ်ထားသော ကျောင်း ၂၈၄ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
မောင်တောမြို့နယ်အတွင်း၌ ပိတ်ထားရသည့် ကျောင်း ၉၈ ကျောင်း ကိုလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ပိတ်ထားရသည့် ကျောင်း ၁၇၅ ကျောင်းကိုလည်းကောင်း၊ ရသေ့တောင်မြို့နယ် အတွင်း၌ ပိတ်ထားရသည့် ကျောင်း ၁၀ ကျောင်းကိုလည်းကောင်း၊ စုစုပေါင်း ကျောင်း ၂၈၃ ကျောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် မောင်တော ဒေသအတွင်း အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံ ပညာမူလတန်းကျောင်း စုစုပေါင်း ၆၅၀ ကျောင်းရှိသည့်အနက် ၄၂၄ ကျောင်းကို ပိတ်ထားခဲ့ရကြောင်း သိရသည်။
မောင်တောဒေသအတွင်း ကျောင်း ၄၆ ကျောင်းကို ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်းနှင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် ကျောင်းစုစုပေါင်း ၉၅ ကျောင်းရှိကြောင်းသိရှိရသည်။(Xinhua)