Connect with us

Politics, Law & Military

မကွေးတိုင်းဒေသကြီး ဝန်ကြီး နှစ်ဦး ရာထူးမှ နုတ်ထွက်

မကွေးတိုင်းဒေသကြီး ဝန်ကြီး နှစ်ဦး ရာထူးမှ နုတ်ထွက်ခွင့်ပြုသော ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၏ ဝန်ကြီး နှစ်ဦးအား ဇန်နဝါရီ ၁၀ရက်နေ့တွင် မိမိတို့၏ သဘောဆန္ဒအလျောက်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ ဝန်ကြီး ဦးနေမျိုးကျော်တို့အား နိုင်ငံတော် သမ္မတ ဦးထင်ကျော်က နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်းတို့ကိုလည်း ဇန်နဝါရီ ၉ရက်နေ့က မိမိတို့၏ သဘောဆန္ဒအလျောက်ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.