Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အတွင်း အရေးပေါ် အခြေအနေ ကြေညာချက်အား ၃ နှစ်ကျော် ကြာမြင့်ပြီးနောက် ပြန်လည် ရုပ်သိမ်းခဲ့

ရခိုင်ပြည်နယ်အတွင်း အရေးပေါ် အခြေအနေ ရုပ်သိမ်းကြောင်း ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမည့် အခြေအနေများ ပေါ်ပေါက်ခဲ့သဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂ဝ၁၂ ဖြင့် အရေးပေါ် အခြေအနေ ကြေညာခြင်းအား ယခုအခါ ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်အမှတ် ၊ ၁/၂ဝ၁၆ ဖြင့် ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ မတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယခုအခါ ရခိုင်ပြည်နယ်အတွင်း၌ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမည့် အခြေအနေ မရှိတော့ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရ တွေ့ရှိရသဖြင့် ရခိုင်ပြည်နယ် အတွင်း အရေးပေါ် အခြေအနေ ကြေညာခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂ဝ၁၂ ကို မတ် ၂၈ ရက်မှ စတင်၍ ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်၊ ၁/၂ဝ၁၆ ကို ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.