Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ အဖြစ် ကတိသစ္စာ ပြု ၊ မိန့်ခွန်း ပြောကြားခြင်း နှင့် တာဝန် လွှဲပြောင်းမှုများ ယနေ့ ပြုလုပ်မည်

ပြည်ထောင်စု လွှတ်တော် အဆောက်အအုံ ရှေ့တွင် စောင့်ဆိုင်းနေသော မီဒီယာသမားများ အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူ ဦးထင်ကျော် နှင့် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူများ ဖြစ်သည့် ဦးမြင့်ဆွေ နှင့် ဦးဟန်နရီ ဗန်ထီးယူ တို့သည် ယနေ့ မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုကြမည် ဖြစ်သည်။

ထို့အတူ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ အဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရရှိပြီး ဖြစ်သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ပြည်ထောင်စု ဝန်ကြီးများသည် ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်တွင် ကတိသစ္စာ ပြုခြင်းများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။

ထို့နောက် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့တက်ရောက်၍ မိန့်ခွန်း ပြောကြားသွားမည် ဖြစ်သည့် အပြင် နေ့လည်ပိုင်း အချိန်တွင် နိုင်ငံတော် သမ္မတ အိမ်တော်၌ သမ္မတ တာဝန်များ လွှဲပြောင်းရယူခြင်း ဆိုင်ရာ အခမ်းအနား တစ်ရပ် ပြုလုပ်သွားမည် ဖြစ်ပြီး ညပိုင်း အချိန်တွင် သမ္မတ အိမ်တော်၌ ဂုဏ်ပြု ညစာ စားပွဲ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.