Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးတွင် ကြိုတင်မဲပေးရန် စာရင်းပေးထားသူ အောက်တိုဘာ ၉ ရက်အထိ ၁၄,၀၀၀ ကျော်ရှိ

၂၀၁၇ ခုနှစ်ဧပြီလ ၁ရက်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများမဲပေးရန် တန်းစီနေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၉ ရက်အထိ ကြိုတင်မဲပေးရန် စာရင်းပေးထားသူ ၁၄,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးတင်မောင်အေးက  ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။

“ရန်ကုန်တိုင်းဒေသကြီးမှာ ကြိုတင်မဲပေးချင်တဲ့ သူတွေအနေနဲ့ ကျွန်တော်တို့ ကော်မရှင်ကို သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေက ကြိုတင်မဲပေးလိုကြောင်းတောင်းခံရပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ကြိုတင်မဲပေးမည့်သူများတွင် သင်တန်းကျောင်းအပါအဝင် ဆေးရုံနှင့် အချုပ်ခန်းများတွင် ရောက်ရှိနေသူများပါဝင်ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ကြိုတင်မဲပေးခွင့်ပြုရန် တောင်းခံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ပကြိုတင်မဲများ စတင်ပေးနေပြီဖြစ်ကြောင်း၊ ပြည်တွင်းကြိုတင်မဲကို အောက်တိုဘာ ၇ ရက် မှ အောက်တိုဘာ ၂၁ ရက် အတွင်း သက်ဆိုင်ရာကျောင်း၊ဆေးရုံ၊ အချုပ်စခန်းနေရာများတွင် ဆောင်ရွက်ခွင့် ပြုထားပြီး မဲလက်မှတ်များပေးပို့ထားပြီးဖြစ်ကြောင်း၊ ကုမ္ပဏီဝန်ထမ်း၊ ရုံးဝန်ထမ်းများ အနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်တွင် အမြဲတမ်းနေထိုင်သူဖြစ်ပါက ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးရမည်ဖြစ်ကြောင်း၊ သို့သော်ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် ဆန္ဒမဲပေးရမည့်မဲရုံသို့ လာရောက်ရန် အခက်အခဲရှိပြီး ရွေးကောက်ပွဲနေ့တွင် မလာရောက်နိုင်ပါက ရွေးကောက်ပွဲကျင်းပရန် ၂ ရက် အလိုတွင် သက်ဆိုင်ရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.