Connect with us

Politics, Law & Military

ရေကြီး ဖုံးလွှမ်းမှုများကြောင့် ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ထိခိုက်နိုင်ခြင်း အခြေအနေ မရှိဟုဆို

ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်ဆီး သွားသော လယ်ယာမြေများ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရခိုင် ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်ရာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် အများအပြား ရေဖုံးလွှမ်းနေသော်လည်း ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ထိခိုက်နိုင်ခြင်း အခြေအနေမရှိကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ်လ ၅ ရက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ မထိခိုက်နိုင်ပါဘူး။ အခုဆိုရင် ရခိုင်ပြည်သူ/ပြည်သားများ ၊ ရခိုင်ပြည်နယ် အစိုးရနဲ့တပ်မတော် တို့ပေါင်းလုပ်တဲ့အခါကြတော့ အခု လမ်းကြောင်းပေါ်မှာ သွားနေတယ်လို့ပြောပါရစေ။ ရွေးကောက်ပွဲကတော့ အားလုံး စီမံထားပြီးသားပါ။ ရေကျထားတာနဲ့တပြိုင်နက် ပုံမှန်အခြေအနေ ပြန်ရောက်သွားမှာပါ။ လမ်းတွေလည်း တစ်ပတ်အတွင်း အားလုံးကောင်းသွားမယ့် သဘောရှိတဲ့အတွက် ရွေးကောက်ပွဲအတွက် ထိခိုက်စရာ အကြောင်းမရှိပါဘူး”ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရေကြီး ရေလျှံမှုများကြောင့် ဘူးသီးတောင် ၊ မောင်တော ၊ မင်းပြား ၊ မြောက်ဦး ၊ ကျောက်တော် ၅ မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ် ဆောင်ရွက်နေပြီး နောက်ဆုံး ရရှိထားသည့် စာရင်းများအရ ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၄၇ ဦးအထိ ရှိနေပြီး သီးနှံစိုက်ဧက နှစ်သိန်းကျော် ပျက်စီး ဆုံးရှုံးခဲ့သည်။

မြန်မာနိုင်ငံအနှံ့ရေကြီး ရေလျှံမှုများကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းရမည့် နောက်ဆုံးရက်ကို သြဂုတ်လ ၈ ရက် နေ့အထိ သတ်မှတ်ထားသော်လည်း သြဂုတ်လ ၁၄ ရက်သို့ တိုးမြှင့် သတ်မှတ်လိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.