Connect with us

Politics, Law & Military

နိုင်ငံတစ်ဝှမ်း သဘာဝဘေးကြောင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ပေးရန် စီစဉ်ထား

ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ ရေဘေးသင့်ပြည်သူများ (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် ရသူတိုင်းသည် နိုင်ငံသား စိစစ်ရေး ကတ်ပြား၊ အိမ်ထောင်စု စာရင်းများ ပျက်စီး ပျောက်ဆုံး သွားသော်လည်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး စီစဉ် ဆောင်ရွက်ထားပြီး မဲဆန္ဒရှင် ပြည်သူလူထုသည် ဥပဒေနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အသိပေး ကြေငြာလိုက်သည်။

မဲဆန္ဒရှင်များသည် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲရုံသို့လာရောက် ဆန္ဒမဲပေးရာတွင် လွယ်ကူစေရန် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များကို မဲဆန္ဒရှင်များသို့ရွေးကောက်ပွဲနေ့ရက် မတိုင်မီ တစ်ပတ်ခန့် အလိုတွင် ထုတ်ပေးရန် စီစဉ်ဆောင်ရွက်ထားသည်။ မဲဆန္ဒရှင်များသည် မှတ်ပုံတင်ကတ်ပြား ၊ အိမ်ထောင်စု စာရင်းများ ပျောက်ဆုံးသော်လည်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများထံမှ မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ယူပြီး ဆန္ဒမဲပေးနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဇွန် ၊ ဇူလိုင်လ အတွင်း မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ရေကြီး ရေလျှံမှုများ ၊ မြေပြိုမှုများ စသည့် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားပြီး အချို့သော မဲဆန္ဒရှင် ပြည်သူများ၌ ပစ္စည်းဥစ္စာများ ဆုံရှုံးခြင်း ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ၊ အိမ်ထောင်စု စာရင်းများ ပျက်စီး ပျောက်ဆုံးခြင်းများ ရှိကြောင်း ကြားသိရသည်ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် တစ်နိုင်ငံလုံး၏ အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုရရှိထားပြီး ဖြစ်၍ မဲပေးပိုင်ခွင့် ရှိသူများ၏ အမည်စာရင်းများ မှန်ကန်ရေး ဆောင်ရွက်လျှက် ရှိသည်။ အတည်ပြု မဲစာရင်းများကို သြဂုတ်လ ကုန်ပိုင်းခန့်တွင် ကြိုတင်အသိပေး ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ရာ မဲဆန္ဒရှင်များသည် သတ်မှတ်ထားသည့် ၁၄ ရက်အတွင်း ပုံစံ ၃ ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုခြင်း ၊ ပုံစံ ၄ ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ တင်သွင်းခြင်း ၊ ပုံစံ ၄-ဂ ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို လုပ်ဆောင်နိုင်ခွင့် ရှိနေကြောင်း သိရသည်။ (Xinhua)