Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ကာလမတိုင်မီ နိုင်ငံတည်ငြိမ်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ဆို


ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက် မတိုင်မီ မြန်မာနိုင်ငံသည် တည်တည်ငြိမ်ငြိမ် ရှိနေရန် အလွန် အရေးကြီးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

“နိုင်ငံရဲ့ မတည်ငြိမ်မှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ လမ်းလွဲသွားမှာကို မဖြစ်ပါစေနဲ့လို့ အဖွဲ့ချုပ်ဝင်တွေ အားလုံးကို မှာချင်ပါတယ်၊ ပြည်သူလူထုကိုလဲ ဒီကနေ တစ်ဆင့်မှာချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မကြာမီ ကျင်းပမည့် ၂၀၁၅ ထွေထွေ ရွေးကောက်ပွဲကိုလည်း တည်တည်ငြိမ်ငြိမ် ဖြစ်မြောက် စေလိုပြီး ရွေးကောက်ပွဲကျင်းပပြီး ကာလများတွင်လည်း တည်တည်ငြိမ်ငြိမ်နှင့် ပြည်သူများ၏ မျှော်လင့်ချက်ကို အကောင်အထည် ဖော်ပေးစေလိုကြောင်း ၎င်းက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး ပြုလုပ်ရာတွင် တစ်ဦးတစ်ယောက် အောင်နိုင်ရေးကို မလုပ်ဘဲ နိုင်ငံအောင်နိုင်ရေး၊ ဒီမိုကရေစီ အောင်နိုင်ရေးကိုသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေးတွင် နာယက ဦးတင်ဦးနှင့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့အား တွေ့ရစဉ် (ဆင်ဟွာ)

အဖွဲ့ချုပ်အနေဖြင့် မကြာမီကာလအတွင်း ရွေးကောက်ပွဲ ဝင်၊ မဝင် ဆုံးဖြတ်ပြီး ကိုယ်စားလှယ် လောင်းများ ရွေးချယ်မည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ရေရှည် နိုင်ငံအတွက် လုပ်ပေးနိုင်သူ၊ ပူးပေါင်းဆောင်ရွက်နိုင်သူများကို ရွေးချယ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက် အစည်းအဝေးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဇွန်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ကျင်းပလျှက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.