Connect with us

Politics, Law & Military

အမျိုးသား ပညာရေး ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု

ပြည်ထောင်စုလွှတ်တော် မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းအား ပထမအကြိမ် ၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြင်ဆင်ချက် ၅၁ ချက်ဖြင့် အတည်ပြုလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆင်ဟွာကို ပြောသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ် အကြား သဘောထားကွဲလွဲသည့် အချက်များကို ၂ ရက်ကြာ ဆွေးနွေးပြီး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်တွင် ဥပဒေ တစ်ပိုဒ်ချင်း အလိုက် ဆွေးနွေး အတည်ပြုခြင်း ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် အများစုမှ မဲခွဲ ဆုံးဖြတ်ကြတာ ဖြစ်ကြောင်း ၊ အဆိုပါ အတည်ပြုလိုက်သည့် ဥပဒေတွင် ကျောင်းသားများ တောင်းဆိုခဲ့သည့် အတိုင်း မရကြောင်း ၎င်းကဆိုသည်။

တက္ကသိုလ်တစ်ခုတွင် ကျောင်းတက်ရန် စာရင်းသွင်းသော ကျောင်းသားတိုင်း သမဂ္ဂအဖွဲ့ဝင် ဖြစ်ရမည်ဟူသော ပြဌာန်းချက်များသည် ယခင်ပြဌာန်းခဲ့သည့် တက္ကသိုလ် အက်ဥပဒေများတွင် ပါဝင်ခြင်း မရှိသည့် အတွက် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်ဟူသည့် စကားရပ်အား ကျောင်းသား ကိုယ်စားလှယ်ဟူ၍ ပြောင်းလဲခဲ့ကြောင်း သိရသည်။

ကျောင်းသားများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်း သဘောတူညီမှုများ ပြုလုပ်ခဲ့သော်လည်း လွှတ်တော်တွင် ပညာရေး ဥပဒေကြမ်းအား ဆွေးနွေးကြသည့်အခါ အပိုဒ်လိုက် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး၊ မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ ကြခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ စတင် တင်သွင်း ဆွေးနွေးခဲ့ပြီး အမျိုးသားလွှတ်တော်မှ ပြင်ဆင်ထားသည့် အချက်များထဲမှ ၅၁ ချက်အား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ဦးခိုင်မောင်ရည်က “ လွှတ်တော်ထဲမှာ တကယ်ကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြတာပါ။ လွှတ်တော်မှာ အများဆန္ဒအတိုင်း မဲခွဲဆုံးဖြတ်ပြီး ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့တာပါ” ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.