Politics, Law & Military
ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ကျပ်သိန်း ၁၅၀,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(တောင်ပိုင်း) လွယ်လင်ခရိုင် ကွန်ဟိန်းတွင် ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၅ဝ,ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၁၅ ရက်က သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
သံလွင်ကူးတို့ ပူးပေါင်း စစ်ဆေးရေးဂိတ်စခန်းတွင် မော်တော်ယာဉ်များကို စစ်ဆေးနေစဉ် ကျိုင်းတုံမှ ကာလိသို့ မောင်းနှင်လာသောယာဉ်ကို ရှာဖွေစစ်ဆေးရာICE အလေးချိန် ၆ဝဝ ကီလိုဂရမ်ခန့် (၁ ကီလိုဂရမ်လျှင် ကာလတန်ဖိုးငွေကျပ်သိန်း ၂၅ဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၅ဝ,ဝဝဝ) ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား ကာလိနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)