Connect with us

Politics, Law & Military

ရှမ်းပြည်နယ်အတွင်း ကျပ် ၁၆၅၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံအားတွေ့ရစဉ်(CCDAC Mynamar)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် နမ့်ခမ်းမြို့အတွင်းမှ ကျပ် ၁၆၅၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူများကို စက်တင်ဘာ ၂၈ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁)(ဗန်းမော်)မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လွယ်ဂျယ်မြို့၊ လွယ်ဂျယ်-မန်ကောင်း ကျေးရွာသွားလမ်းတွင် ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေစဉ် နမ့်ခမ်းမြို့ဘက်မှ လွယ်ဂျယ်မြို့ဘက်သို့ မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ မော်တော်ယာဉ်ရှေ့ခန်း ဒက်ရှ်ဘုတ်အံဝှက် အတွင်းမှ ဆပ်ပြာခွက် ၁၂၁ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁.၆၅၅ ကီလို(ဒေသကာလပေါက်ဈေး ငွေကျပ် ၁၆၅၅ သိန်း)ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားများကို ကွင်းဆက်ဖော်ထုတ်ချက်အရ လွယ်ဂျယ်မြို့ရှိ တည်းခိုခန်းတစ်ခုရှေ့တွင် တရားခံ နှစ်ဦးနှင့် မြန်မာငွေကျပ် ၁၂ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း တရားခံများအား လွယ်ဂျယ်မြို့မရဲစခန်း မယ(ပ)၃၀/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.