Connect with us

Politics, Law & Military

ထီဆုလက်မှတ်ပေါင်း ၁၂,၀၀၅ ဆုအား အောက်တိုဘာလကုန် ထိ ထုတ်ယူခြင်းမရှိပါက နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းယူမည်

အောင်ဘာလေ သိန်းဆု ဌာနခွဲ၏ ကြေညာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော ၈ ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲမှ ရရှိသည့် ဆုလက်မှတ် အပါအဝင် ဆုလက်မှတ် ပေါင်း ၁၂,၀၀၅ ဆုကို တောင်းခံခြင်း မရှိသေးသဖြင့် ယခု အောက်တိုဘာလ ၃၁ ရက်ထိ ထုတ်ယူခြင်း မရှိပါက နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ကြေညာခဲ့သည်။

ထိုဆုရလက်မှတ်များကို ယခု ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ ၃၁ ရက်ထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ အောင်ဘာလေ သိန်းဆု ဌာနခွဲ ရုံးများသို့တင်ပြ၍ ဆုငွေများကို တောင်းခံနိုင်ကြောင်း ကြေညာခဲ့သည်။

၈ ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီမှ ထုတ်ယူခြင်း မရှိသေးသော ဆုမဲ စာရင်း အားလုံးကို မြို့နယ် အခွန် ဦးစီး ဌာနမှူး ရုံးအသီးသီးတွင် လည်းကောင်း ၊ www.irdmyanmar.gov.mm website တွင် လည်းကောင်း ကြေညာထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.