Connect with us

Politics, Law & Military

ကလေးဝ-တမူးလမ်းပေါ်ရှိ တံတား(၆၉)စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၂၃၅ သန်းဖြင့် ဆောင်ရွက်မည်

ကလေးဝ-တမူးလမ်းပေါ်ရှိ တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအားေ ဆွးနွေးစဉ်(ဓာတ်ပုံ-သမ္မတရုံး)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ကလေးဝ-တမူးလမ်းပေါ်ရှိ တံတား(၆၉)စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၂၃၅ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မုံရွာ-ယာကြီး-ကလေးဝလမ်းသည် ၁၁၅ မိုင် ၅ ဖာလုံရှည်လျားသည့် အဆိုပါ လမ်းအဆင့်မြှင့်တင်ရာတွင် မုံရွာမြို့မှစတင်၍ မိုင် ၄၀ အထိလမ်းပိုင်းကို မြန်မာနိုင်ငံ အစိုးရက BOT စနစ်ဖြင့် အဆင့်မြှင့်တင် သွားမည်ဖြစ်ပြီး ကျန် ၇၅ မိုင် ၅ ဖာလုံကို အိန္ဒိယအစိုးရ၏ အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ ၁၈၁ သန်းဖြင့်လည်းကောင်း၊ ကလေးဝ-တမူးလမ်းပေါ်ရှိ တံတား(၆၉)စင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အိန္ဒိယအစိုးရ၏ အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ ၅၄ သန်းဖြင့် လည်းကောင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၅ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ယင်း စီမံကိန်းများကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တမူး-ကလေးဝ-မုံရွာလမ်းပိုင်းသည် အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ ဆက်သွယ်သည့် လမ်းမကြီးပေါ်တွင်ရှိပြီး ဒေသတွင်းကုန်စည်စီးဆင်းမှုကို များစွာ အကျိုးပြုနိုင်မည့် လမ်းပိုင်းတစ်ခုြဖ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.