Connect with us

Politics, Law & Military

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ငွေကျပ်သိန်းပေါင်း  ၉၆,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၉၆,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က သြဂုတ် ၈ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ သြဂုတ်လ ၇ ရက်  ၁၆း၅၀နာရီ  အချိန်တွင် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ တာချီလိတ်-မိုင်းဆတ် သွားကားလမ်းတွင် ယမ်းခေါင်းကျေးရွာဘက်မှ တာချီလိတ်မြို့ဘက်သို့မောင်းနှင်လာသော မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့် ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။ 

အဆိုပါ မော်တော်ယာဉ်အား  လိုက်လံတားဆီးရာ ယာဉ်အား လမ်းဘေးတွင်ရပ်တန့်ထားပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားသဖြင့် စစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်ထားသော ဆာလာအိတ်များအတွင်းမှဒေသကာလပေါက်ဈေးငွေကျပ်သိန်း ၉၆,၀၀၀ တန်ဖိုးရှိသော စိတ်ကြွ ရူးသွပ်ဆေးပြား ၆,၄၀၀,၀၀၀ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.