Connect with us

Politics, Law & Military

၂၀၁၉-၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်  အခွန်လေးမျိုးမှ ကျပ်သန်း ၈၃၀ ခန့် ရရှိခဲ့ဟု ဆို 

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

၂၀၁၉ -၂၀ဘဏ္ဍာနှစ် ပြည်ထောင်စု ဝန်ကြီးဌာန / အဖွဲ့အစည်းများ၏ ပထမ ခြောက်လပတ် အတွင်း အခွန်လေးမျိုးမှ ကျပ် ၇၃၆ ဒသမ ၆၂၂  သန်း ကောက်ခံ ရရှိရန် လျာထားခဲ့ရာ ကျပ် ၈၂၉ ဒသမ ၄၄၃ သန်း ကောက်ခံရရှိခဲ့သဖြင့် မူလလျာထားချက်၏ ၁၁၂ ဒသမ ၆၀ ရာခိုင်နှုန်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

“အခွန် လေးမျိုးအနက် ယစ်မျိုးခွန်ကို ကျပ် ၇၀၃ ဒသမ ၃၀၁ သန်း လျာထားခဲ့ပြီး ကျပ် ၇၈၁ ဒသမ ၉၀၉ သန်း ကောက်ခံရရှိခဲ့ပါတယ်၊  မြေခွန်အရပ်ရပ်ကို ကျပ် ၈ ဒသမ ၈၀၅ သန်း လျာထားခဲ့ပြီး ကျပ် ၄ ဒသမ ၄၉၄ သန်း ရရှိခဲ့ပါတယ်၊ တာတမံ ခွန်ကို ကျပ် ၀ ဒသမ ၉၁၄ သန်း လျာထားခဲ့သော်လည်း ကောက်ခံ ရရှိခြင်း မရှိပါ၊ ဓာတ်သတ္တုခွန်ကို ကျပ် ၂၃ ဒသမ ၆၀၂ သန်း လျာထားခဲ့ပြီး ကျပ် ၄၃ ဒသမ ၀၄၀ သန်း ကောက်ခံ ရရှိခဲ့ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။ 

ထို့အပြင် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး လျာထားချက်များအရ ၂၀၂၀ ခုနှစ် သြဂုတ်လ ၄ ရက်နေ့အထိ အခွန် လေးမျိုး ကောက်ခံ ရရှိမှုမှာ ယစ်မျိုးခွန်အား ကျပ် ၁၂၆၃ ဒသမ ၅၁၉ သန်း ကောက်ခံရန် လျာထား ခဲ့ရာမှ ကျပ် ၁၀၆၄ ဒသမ ၁၅၉ သန်း ကောက်ခံ ရရှိပြီး ဖြစ်ရာ လျာထားချက် အပေါ် ၈၄ ဒသမ ၂၂ ရာခိုင်နှုန်းကိုလည်းကောင်း၊ မြေခွန်လျာထားချက် ကျပ် ၂၁ ဒသမ ၈၄၅ သန်း အပေါ် ကျပ် ၂၃ ဒသမ ၀၃၇ သန်း ကောက်ခံ ရရှိပြီး ဖြစ်ရာ လျာထားချက်အပေါ် ၁၀၅ ဒသမ ၄၅ ရာခိုင်နှုန်း ကိုလည်း ကောင်း၊ တာတမံခွန် လျာထားချက် ကျပ် ၁ ဒသမ ၁၁၇ သန်းအပေါ် ကျပ် ၁ ဒသမ ၁၁၇ သန်း ကောက်ခံ ရရှိပြီး ဖြစ်ရာ လျာထားချက်အပေါ် ၁၀၀ ရာခိုင်နှုန်း ကိုလည်းကောင်း၊ ဓာတ်သတ္တု ခွန်အား လျာထားချက် ကျပ် ၇၆ ဒသမ ၅၅၀သန်းအပေါ် ကျပ် ၆၈ ဒသမ ၉၉၀ သန်း ကောက်ခံ ရရှိပြီး ဖြစ်၍ လျာထားချက်အပေါ် ၉၀ ဒသမ ၁၂ ရာခိုင်နှုန်း ကိုလည်းကောင်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ အပြေအကျေ ကောက်ခံ ရရှိရေး အလေးထား ကြပ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့သည်။ (Xinhua)