Connect with us

Politics, Law & Military

လစ်လပ် မဲဆန္ဒနယ်မြေများ အတွက် ကြားဖြတ်ရွေးကောက်ပွဲ စတင် ကျင်းပ


ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ကြားဖြတ်ရွေးကေက်ပွဲအားလစ်လပ် မဲဆန္ဒနယ် ၁၉ နေရာ အတွက် ယနေ့ဧပြီ ၁ ရက်တွင် စတင် ကျင်းပ ပြုလုပ်နေပြီ ဖြစ်သည်။

သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ အသီးသီးတွင် မဲရုံများကို နံနက် ၆ နာရီ အချိန်မှ စတင် ဖွင့်လှစ်ခဲ့ရာ လှိုင်သာယာ မဲဆန္ဒနယ်မြေ အတွင်းရှိ မဲရုံတစ်ချို့တွင် စတင်ဖွင့်လှစ်ချိန်၌ပင်ဆန္ဒမဲ လာရောက် ပေးခြင်းများ ရှိသည်။လှိုင်သာယာ မြို့နယ် ၊ အမှတ် ၆ ရပ်ကွက်နေ ဒေါ်ထားထားဆွေက မိမိ ရွေးချယ် မဲပေးလိုက်သည့် ကိုယ်စားလှယ်သည် မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ပေးနိုင်မည်ဟု ယုံကြည်၍ ဆန္ဒမဲ လာရောက် ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ယခု ကျင်းပသည့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးနိုင်သည့် ဦးရေမှာမဲဆန္ဒရှင်ဦးရေမှာ အရေအတွက်အားဖြင့် ၂,၀၁၄,၈၈၃ ဦး ရှိသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် လှိုင်သာယာ မဲဆန္ဒနယ်မြေအတွင်း ဆန္ဒမဲ ပေးနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင် နိုင်ငံရေး ပါတီ ၂၄ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၇ ဦး နှင့် တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ကြောင်း သိရသည်။ကြားဖြတ်ရွေးကောက်ပွဲအတွက်လစ်လပ်မဲဆန္ဒနယ်နေရာများ၌ပြည်သူ့လွှတ်တော်တွင် ၉ နေရာ ၊ အမျိုးသားလွှတ်တော်တွင် ၃ နေရာနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တေ်ာများတွင် ၇ နေရာ ၊ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိသည်။

လှိုင်သာယာ မဲဆန္ဒနယ်မြေ အတွင်းရှိ မဲရုံ တစ်ရုံအား တွေ့ရစဉ်(ဆင်ဟွာ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ကယားပြည်နယ် ၊ ရှမ်းပြည်နယ် တို့ရှိ လစ်လပ် မဲဆန္ဒနယ်မြေများ တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။နိုင်ငံရေး ပါတီ အသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် စည်းရုံးခွင့် ကာလအား ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၃၀ ရက် အထိ ရက်ပေါင်း ၆၀ သတ်မှတ် ခွင့်ပြုခဲ့သည်။ယခု ကျင်းပပြုလုပ်သည့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲသည် နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရ သက်တမ်း အတွင်း ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.