Politics, Law & Military
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှုတ်ထွက်

ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
ပြဋ္ဌာန်းချက်များအရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း ကို ယင်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သောကြေညာ ချက်အရ သိရသည်။
အဆိုပါ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပူးတွဲထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)