Connect with us

Politics, Law & Military

နိုင်ငံတော်၏ လိုငွေ ဖြည့်ဆည်းမှုမှာ ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်သည် ငါးနှစ်အတွင်း အများဆုံးဖြစ်ဟုဆို

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်စာရင်း၏ အမှန်လိုငွေ ဖြည့်ဆည်းမှုသည် ဘဏ္ဍာရေး ငါးနှစ်အတွင်း အများဆုံး ဖြစ်ခဲ့သည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ယနေ့ ပြော ကြားသည်။

“နိုင်ငံတော်ရဲ့ လိုငွေကို ဖြည့်ဆည်းရန် ပြည်တွင်း ပြည်ပမှ ချေးယူနိုင်တဲ့ ပမာဏကို ၂၀၁၅ ခုနှစ်မှာ ကျပ် ၃၉၀၀ ဘီလျံ သတ်မှတ်ခဲ့ပါတယ်၊ အမှန်ချေးယူငွေက ကျပ် ၅၇၆၈ ဒသမ ၂၉၈ ဘီလျံ ဖြစ်လို့ အရ အသုံးဆိုင်ရာ ဥပဒေ ပြဌာန်းချက်ထက် ကျပ် ၁၉၀၀ ဘီလျံ ပိုများခဲ့ပါတယ်၊ ၂၀၁၅ – ၁၆ ဘဏ္ဍာ နှစ် အတွက် လိုငွေ ဖြည့်ဆည်းမှုဟာ ဘဏ္ဍာရေးနှစ် ငါးနှစ်အတွင်း အများဆုံး ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

၂၀၁၅ – ၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရ အသုံး စာရင်းများ စစ်ဆေးချက် အစီရင်ခံစာအား ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စု လွှတ်တော်သို့ ယနေ့ တင်သွင်းရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ၎င်းက “ငွေလုံးငွေရင်း သုံးငွေကလည်း ငါးနှစ်အတွင်း အများဆုံး ဖြစ်ပြီး အရင်နှစ်ကထက် ကျပ် ၁၇၁ ဒသမ ၄၇၄ ဘီလျံ ပိုသုံးခဲ့ရပါတယ်၊ ထောက်ပံ့ငွေ သုံးစွဲမှုက ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများသို့ ၁၇ ဒသမ ၅၃ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးနဲ့ပြည်နယ်များသို ၈၂ ဒသမ ၄၇ ရာခိုင်နှုန်း အသီးသီး ထောက်ပံ့ခဲ့ပါတယ်”့ဟု ရှင်းပြခဲ့ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ငါးနှစ်အတွင်း ရသုံး ခန့်မှန်းခြေ ငွေစာရင်း အကောင်အထည်ဖော်နိုင်မှုများနှင့် ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်မှု များကိုလည်း လွှတ်တော်သို့တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.