Politics, Law & Military
လွှတ်တော် ကိုယ်စားလှယ်အသစ်များ တည်းခို နေထိုင်ရေး သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သွားရောက် ကြည့်ရူ
ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းတွင် အစည်းအဝေးများတက်ရောက်မည့် ပြည်သူ့ လွှတ်တော် နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်နာယက ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာသို့သွားရောက် ကြည့်ရူ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု လွှတ်တော်နာယက ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော် ကိုယ်စားလှယ်အသစ်များ တည်းခို နေထိုင်မည့် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာသို့သွားရောက် စစ်ဆေးနေစဉ် (ဓာတ်ပုံ- NLD Chairperson Facebook)
လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရေးအတွက် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာအတွင်း စည်ပင် ဝန်ထမ်း များနှင့် တွေ့ဆုံပြီး ပြင်ဆင်ဆောင်ရွက်ထားရှိမှု များအား ဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ်များ နေထိုင်မည့်အိပ်ဆောင်အခန်းများသို့လိုက်လံ ကြည့်ရူခဲ့ကြကြောင်း သိရသည်။ (Xinhua)