Connect with us

Politics, Law & Military

မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၀၁ ဦး ယနေ့ လွှတ်ပေး


ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၀၁ ဦးကို ယနေ့ စတင်လွှတ်ပေးလျက်ရှိကြောင်း နိုင်ငံတော် သမ္မတ ရုံးထံမှ သိရသည်။

နိုင်ငံတော်သမ္မတရုံး၏ ဇန်နဝါရီ ၂၁ ရက်စွဲပါ စာအရ အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ချခံနေရသော အကျဉ်းသား ၁၀၁ ယောက်ကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ (၄၀၁/ခ) ဖြင့် လွှတ်ပေးလိုက်ကြောင်း သိရသည်။

အင်းစိန်ထောင်ရှေ့တွင် ယနေ့ အကျဉ်းသားများ လွတ်မြောက်လာစဉ် (ဆင်ဟွာ)

အင်းစိန်ထောင်ရှေ့တွင် ယနေ့ အကျဉ်းသားများ လွတ်မြောက်လာစဉ် (ဆင်ဟွာ)

အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများထဲမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုလာသောကြောင့် လူမှုရေးအရ ငဲ့ညှာသော အားဖြင့်လွှတ်ပေးခြင်းဖြစ်ပြီး ထပ်မံ၍ ပြစ်မှု ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ကျန်ရှိနေသည့် ပြစ်ဒဏ်များကိုပါ ပူးတွဲ ကျခံရမည် ဖြစ်ကြောင်း အမိန့်စာတွင်ဖော်ပြထားသည်။

အင်းစိန်ထောင်မှ ယနေ့ နံနက် မိချောင်းကန်သပိတ်စခန်း၌ ဆန္ဒထုတ်ဖော်မှုကြောင့် အကျဉ်းကျခံရသော သူများအပါအဝင် စုစုပေါင်း ၂၅ ဦး ယနေ့ စတင်လွတ်မြောက်လာကြောင်း အင်းစိန် အကျဉ်းဦးစီးဌာနမှ သိရသည်။

ပဲခူးတိုင်း၊ ပြည်မြို့ အကျဉ်းထောင်မှလည်း ကိုကျော်ဆန်း ပုဒ်မ (၁၈)၊ ကိုဝဏ္ဏ ပုဒ်မ(၁၈)၊ ကိုတိုးကြီး၊ ပုဒ်မ (၁၈)၊ ကိုပဲပဲ (ခ) ကိုရဲကျော်သူ ပုဒ်မ (၅၀၅-ခ) တို့ လေးဦး ပြန်လည် လွတ်မြောက်လာသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.