Connect with us

Politics, Law & Military

သမ္မတဦးထင်ကျော် သမ္မတရာထူးမှ နုတ်ထွက်

နိုင်ငံတော် သမ္မတဦးထင်ကျော်အားတွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ယနေ့ (မတ် ၂၁ ရက်)တွင် သမ္မတရာထူးမှ နုတ်ထွက်လိုက်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော် သမ္မတဦးထင်ကျော်သည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် မတ် ၂၁ရက်နေ့မှစ၍ သမ္မတရာထူးမှ နုတ်ထွက်သွားကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“ကျန်းမာရေးအရဆိုတာက ခွဲစိပ်ကုသမှုခံယူခဲ့တယ်၊ အဲဒါမှန်ပါတယ်၊ အောင်မြင်ပါတယ်၊ ထိုသော်လည်း ဖော်ပြထားတဲ့အတိုင်း ရာထူးက နုတ်ထွက်တယ်၊ နောက်သမ္မတ ကိစ္စက ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားမယ်”ဟု ၎င်းက ဆင်ဟွာသတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၇၃) ၊ ပုဒ်ခွဲ(ခ)နှင့် အညီ လစ်လပ်သွားသည့် နိုင်ငံတော် သမ္မတရာထူးကို အလုပ်လုပ်ရက် (၇)ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.