Connect with us

Politics, Law & Military

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ရာထူးမှ နုတ်ထွက်

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရာထူးမှ နုတ်ထွက်ကြောင်း ယနေ့မတ် ၂၁ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နုတ်ထွက် ကြောင်းအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ အစည်းအဝေး အပြီးတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် သက်တမ်း ၂ နှစ်ကျော် အကြာ တာဝန် ထမ်းဆောင်ခဲ့သည်။

လစ်လပ် သွားသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာအား ၇ ရက် အတွင်း ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။(Xinhua)