Connect with us

Politics, Law & Military

သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူး မဆုံးဖြတ်ရသေး ဟုဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိနှ် ရန်ကုန်တောင်ပိုင်းခရိုင် မှော်ဝန်းတံတား ဖွင့်ပွဲ၌ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတာ အခုထိ အတည်မပြုရသေးကြောင်း ၊ သမ္မတ အနေနနဲ့ ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆုံးဖြတ်ပြီးရင် သူကိုယ်တိုင် ပြည်သူကို အသိပေးသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဆင်ဟွာကို ယနေ့ အတည်ပြု ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေအရ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းဆီကို ယမန်နေ့က စာရေးသားခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန်ဟာ ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ သူ့ရဲ့ မဲဆန္ဒနယ်မြေ ဖြစ်တဲ့ ဇဗ္ဗူသီရိမှာ ဦးဌေးဝင်းကို ဝင်ရောက်ယှဉ်ပြိုင်စေဖို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီသို့ သမ္မတမှ စာပို့ခဲ့ကြောင်း သတင်းများ ပြင်ပတွင်ပြန့်နှံ့ခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် သူရ ဦးအောင်ကိုက “သမ္မတ ဦးသိန်းစိန်က ပါတီကို ကိုယ်စားပြုပြီး ကိုယ်စားလှယ် အနေနဲ့ ဝင်မပြိုင်ရင်ခဲ့ ရင်တောင်မှ တပ်မတော်ဘက်က တိုက်ရိုက် ရွေးချယ်တဲ့ သမ္မတလောင်း စာရင်းမှာ ပါဝင်နိုင် သေးတယ်’’ ဟု ဆင်ဟွာကို ပြောသည်။

အဆိုပါ ပြင်ပတွင် ပြောဆိုနေကြမှုများ နှင့်ပတ်သက်၍ ဦးဇော်ဌေးက “ ဇဗ္ဗူသီရိမှာ ဦးဌေးဝင်း ဝင်ပြိုင်မယ်ဆိုတာ နဂိုကတည်းက ပို့ထားတာပါ။ ကြာပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးရွှေမန်းက သမ္မတကြီး ရွေးကောက်ပွဲ မဝင်ဘူးဆိုပြီး ပြောတာပါ။ ဝန်ကြီး ဦးရဲထွဋ်ကလည်း သမ္မတကြီး ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူးဆိုတာ မဆုံးဖြတ်ရသေးပါဘူးလို့ ပြောခဲ့တာရှိပါတယ်” ဟု ပြောသည်။

သမ္မတကြီး အနေဖြင့် တိုင်းပြည် အခြေအနေ၊ နိုင်ငံရေး အနေအထား၊ ပြည်သူ့ သဘောထားပေါ်မူတည်ပြီး ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် အခွင့်အရေး ကော်မတီက နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်ခြင်း ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား လွှတ်တော်သို့ တင်သွင်းမည်ဟု အစည်းအဝေး အစီအစဉ် အမှတ်စဉ် (၇) တွင် ပါရှိလာသည်။ အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာကို လွှတ်တော်တွင် ဖတ်ပြမည် ဖြစ်သည်။

အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.