Politics, Law & Military
သာစည်မြို့နယ်တွင် ကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)
မိတ္ထီလာမြို့၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ၊ တောင်ကြီး-မိတ္ထီလာ ကားလမ်းမပေါ် ရထားသံလမ်းကူးအနီးတွင် ခရီးသည်တင် မော်တော်ယာဉ်အားရှာဖွေရာ ကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မေ ၉ ရက်နေ့ နံနက် ၀၀း၁၀ အချိန်တွင် တောင်ကြီးမြို့မှ မိတ္ထီလာမြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အားရှာဖွေရာ ထိုင်ခုံအမှတ် (၄၁) တွင် လိုက်ပါလာသည့် ခရီးသည် ဒေါ်နန်းဟွမ်(ခ)ဒေါ်မွှေး ၏ပေါင်ပေါ်တင်ထားသည့် ဆွဲခြင်းအံဝှက်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၄၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံ ဒေါ်နန်းဟွမ် (ခ) ဒေါ်မွှေး (၅၆) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။(Xinhua)