Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ်အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး ကျောက်ခဲ့ကျစ် အား နေပြည်တော်၌လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ကျောက်ခဲ့ကျစ် က ပထမဦးစွာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့်ဝန်ကြီးချုပ် လီခဲ့ချန်တို့က ဒေါ်အောင်ဆန်းစုကြည်အား မင်္ဂလာနှုတ်ခွန်းဆက်သလိုက်ကြောင်း ပြောကြားခဲ့ပါ သည်။ ထို့နောက် ၎င်းက (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံနှင့် တရုတ်တစ်ပြည်လုံးဆိုင်ရာ ညီလာခံ နှစ်ရပ်တွင် ရှီကျင့်ဖိန်၏ခေတ်သစ်တရုတ်ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်များကို ရေရှည်ကျင့်သုံးရမည့် လမ်းညွှန်အတွေးအခေါ်များအဖြစ် သတ်မှတ်ခဲ့ ကြောင်း ၊ (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကျင်းပပြီးမကြာမီ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ လက်ရှိနှင့်နောင်အနာဂတ်ကာလများတွင် တရုတ်-မြန်မာဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေးလမ်းညွှန်ချက်များဆိုင်ရာ အရေးပါသည့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ဆောင်ရွက်မှုများကို ခိုင်မြဲစွာထောက်ခံမည်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သလို တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နှစ်နိုင်ငံလုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူလက်တွဲကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး တရုတ်-မြန်မာဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအတွက် အကျိုးအသစ်များ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဝန်ကြီးချုပ် လီခဲ့ချန်တို့အား မင်္ဂလာနှုတ်ခွန်းဆက်စကား ပြောကြားပေးပါရန်နှင့် ဆုတောင်းမေတ္တာပို့သလိုက်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံအစိုးရက တရုတ်-မြန်မာ ဆက်ဆံရေး အထူးဂရုပြုအလေးထားသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးသည့် အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်-မြန်မာစီးပွားရေးစြင်္ကန်တည်ဆောက်မှု စသည့် ပူးပေါင်းဆောင်ရွက် ဆိုင်ရာကဏ္ဍအသီးသီးကို တစ်ဆင့်မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း နှင့် နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီဝေ၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်မှူး၊ပြည်သူ့လုံခြုံရေးဌာန ဌာနမှူး ရန်ကျွင့်ဟောက် တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.