Politics, Law & Military
သာယာဝတီထောင်မှ အမှုရင်ဆိုင်ဆဲ ကျောင်းသား ၆၉ ဦး လွတ်မြောက်
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
သာယာဝတီ ခရိုင်တရားရုံးတွင် အမှု ရင်ဆိုင်နေရသော ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံပြည်သူ ၆၉ ဦး ယနေ့ ညနေပိုင်းတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၉၄) အရ အမှု ရုပ်သိမ်းလိုက်သဖြင့် လွတ်မြောက်လာပြီ ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများ ထံမှ သိရသည်။
ဗမာတစ်နိုင်ငံလုံး ဆိုင်ရာကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကျောင်းသားများသည် လက်ပံတန်းမြို့နယ်တွင် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် အင်အားသုံး ဖြိုခွင်းခံရပြီး အမှု ရင်ဆိုင်နေရသော ကျောင်းသားများနှင့် ဝန်းရံပြည်သူ စုစုပေါင်း ၆၉ ဦး လွတ်မြောက်လာခြင်း ဖြစ်သည်။
ယင်း လွတ်မြောက်လာသော ကျောင်းသားများနှင့် ဝန်းရံပြည်သူ ၆၉ ဦးထဲမှ သုံးဦးဖြစ်သော မဖြိုးဖြိုးအောင်၊ နန္ဒာစစ်အောင်နှင့် မင်းသွေးသစ်တို့သည် သာယာဝတီ ခရိုင်တွင် ရင်ဆိုင်နေရသော အမှုများ အားလုံး ပိတ်သိမ်း ခံရသော်လည်း ရန်ကုန်မြို့တွင် ရင်ဆိုင်နေရသော အမှုအချို့ ရှိသဖြင့် အာမခံဖြင့် လွတ်မြောက်ရန် တရားရုံးက စီစဉ်လျက် ရှိသည်။ (Xinhua)