Connect with us

Politics, Law & Military

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုတွင် ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ် တာဝန်ပေး

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ် တာဝန်ပေးခြင်း အမိန့်အားတွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းလာသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုတွင် ဦးစီးအဖွဲ ့ဥက္ကဋ္ဌများကို ခန့်အပ် တာဝန် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ၏ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ အဖြစ် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသတွင် ဦးကေဆိုင်း အား လည်းကောင်း ၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဦးခွန်စံလွင် အားလည်းကောင်း ၊ ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဦးဝင်းကျော် (ခ) ဦးအိုက်မန်း အားလည်းကောင်း ၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဦးကျောက်တယ်ချန် အားလည်းကောင်း ၊ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတွင် ဦးခွန်ထွန်းလူ (ခ) ဒီကီ အားလည်းကောင်း ဧပြီ ၇ ရက်စွဲဖြင့် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.